တိုက်ကြီးမြို့နယ်၌ နွေရာသီအင်္ဂလိပ်စာသင်တန်း အခမဲ့ဖွင့်လှစ်

တိုက်ကြီး မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ကလေးငယ်များနှင့် လူငယ်များ နွေရာသီတွင် အခြေခံကောင်းများရရှိထားခြင်းဖြင့် အင်္ဂလိပ်စာဘာသာရပ်ကို သင်ယူရာတွင် ပိုမိုလွယ်ကူလျင်မြန်စွာ အထောက်အကူပြုစေရန်ရည်ရွယ်၍ နွေရာသီအင်္ဂလိပ်စာသင်တန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ‌ဒေါ်စောဝတ်ရည်က ကျောင်းသင်ခန်းစာများအပြင် အင်္ဂလိပ်စာ၏ အခြေခံကဏ္ဍဖြစ်သော နားထောင်ခြင်း (Listening)၊ ပြောဆိုခြင်း (Speaking)၊ ဖတ်ရှုခြင်း(Reading)၊ ရေးသားခြင်း (Writing) စသည့် Skill လေးမျိုးလုံးကို ပိုမိုကျွမ်းကျင်လာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် Active Passive၊ Direct Indirect၊ Wh Question၊ If Patten၊ Too to၊ enough to၊ Would you mild၊ Do you mild စသည့်ဘာသာရပ်များကို နည်းပြဆရာမနှစ်ဦးက သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းသို့ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ် ၂၃ ရက်မှ ဧပြီ ၁၀ ရက်နေ့အထိ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)