သာယာဝတီမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ စတင်ကျင်းပ

သာယာဝတီ မတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသော ၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို နိုင်ငံတစ်ဝှမ်းရှိ စာဖြေဌာနအသီးသီးတွင် မတ်လ ၂၃ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ သာယာဝတီမြို့၊ ကွက်သစ်ရပ်ကွက်၊ ကျိုက်ထိုဇောတိကာရုံပရိယတ္တိစာသင်တိုက်၊ ဓမ္မာရုံရှိ သာယာဝတီစာဖြေဌာနတွင် ယနေ့ပထမနေ့အဖြစ် ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ (၁) ဘာသာရပ်ကိုသံဃာတော် (၁၁၆) ပါး၊ သီလရှင် (၁၁) ပါး စုစုပေါင်းစာရင်းသွင်း (၁၂၇) ပါးရှိပြီး၊ ဖြေဆိုသံဃာ (၁၀၂) ပါး၊ သီလရှင် (၁၁) ပါးဖြေဆိုကြပြီး ပျက်ကွက် (၁၄) ပါးရှိကြောင်း သိရသည်။

အစိုးရဓမ္မာစရိယစာမေးပွဲကို မတ်လ (၂၃) ရက်နေ့မှ (၃၁) ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

သန့်ဇော် (ပြန်/ဆက်)