ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အခြေခံကဗျာရေးစပ်နည်းသင်တန်း ဖွင့်လှစ်

ဇီးကုန်း မတ် ၂၄

ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကဗျာရေးစပ်ခြင်း အခြေခံသဘောတရားများကို သိရှိနားလည်စေရန်၊ ကလေးငယ်များ စဉ်းစားတွေးခေါ်မှုအားကောင်းပြီး ဉာဏ်ရည်တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခြေခံကဗျာရေးစပ်နည်းသင်တန်းကို မတ် ၂၃ ရက်နေ့က ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက အခြေခံကဗျာရေးစပ်နည်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆရာကြီး ဦးအေးမော်က ကဗျာရေးစပ်နည်းနှင့် ပတ်သက်သည့် အခြေခံနည်းစနစ်များ၊ အသံဝါကျနှင့် ကာရန်များအကြောင်း၊ ကဗျာ၏ ဂုဏ်အင်္ဂါရပ်များနှင့် အခြေခံသဘောတရားများကို သင်ကြားပေးခဲ့သည်။

အဆိုပါ အခြေခံကဗျာရေးစပ်နည်းသင်တန်းကို မတ်လ ၂၃ ရက်နေ့ မှ ၂၄ ရက်နေ့အထိ သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် ကျောင်းသားလူငယ် ၃၁ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)