စေတုတ္တရာ မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မီးသတ်ဦးစီးဌာနသည် ပွင့်လင်းရာသီကာလအတွင်း မီးလောင်၊မီးလန့်မှုများမဖြစ်ပွားမပေါ်ပေါက်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပင်မလျှပ်စစ်ဓာတ်အားပေးခွဲရုံတွင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှိန်းမင်းထက်၏ ကြီးကြပ်မှုဖြင့် ဒုမီးသတ်ဦးစီးမှူး ဦးဇော်ခိုင်လတ်နှင့် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပင်မဓာတ်အား ပေးခွဲရုံအား ပွင့်လင်းရာသီကာလအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပြင်ဆင်ထားရှိရေး၊ မီးသတ်ဆေးဘူးများအရန်သင့်ပြင်ဆင်ထားရှိရေး၊ အရေးပေါ်မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးဘေးစီမံချက်ရေးဆွဲထားမှုအခြေအနေများ၊ လျှပ်စစ်ဝါယာကြိုးများဝါယာရှော့ကြောင့်မီးလောင်မှုမရှိစေရန်နှင့် မီးဘေးလုံခြုံရေးပစ္စည်းများ အဆင်သင့်ထားရှိမှုရှိ၊မရှိတို့အား လိုက်လံစစ်ဆေးခဲ့သည်။
စေတုတ္တရာမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီ၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက်မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ မီးဘေးအသိပညာပေးလက်ကမ်းများ ဖြန့်ဝေခြင်း၊ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းများနှင့် အသိပညာပေး နှိုးဆော်ခြင်းများအား ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)