ထန်းတပင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာချက်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ထန်းတပင် (ပဲခူး) ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ခြံကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ယနေ့ နေ့လယ် ပိုင်းက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာချက် သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာချက် လုပ်ခြင်း လုပ်ငန်းကိုတတ်မြောက်သွားသည့်အတွက် မိမိအိမ်တွင် အသုံးပြုရန်နှင့် တစ်ပိုင်တစ်နိုင် ချက်လုပ်ရောင်း ချနိုင်မည်ဖြစ်ပြီး မိမိတို့ဌာနအနေဖြင့် အခြေခံအပ်ချုပ်စက်သင်တန်း ဆိုင်ကယ်ပြင် သင်တန်း သံဂဟေဆက်သင်တန်းတို့ကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း ပြောကြားပေးခဲ့သည်။ 

ဆက်လက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူးက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကာ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)