မင်္ဂလာဒုံ မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Mother Industry Co.,Ltd မှ အာမခံအလုပ်သမား ဦးထွန်းသိန်းစိုး၏ လုပ်ငန်းခွင်ထိခိုက် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် (ငွေလုံးငွေရင်း)ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက အဖွင့်အမှာစကားနှင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက လုပ်ငန်းခွင် ထိခိုက်သေဆုံးခြင်းတွက် ကျန်ရစ်သူ(ငွေလုံးငွေရင်း)ကို အာမခံအလုပ်သမား ဦးထွန်းသိန်းစိုး၏ ဇနီးဖြစ်သူ ဒေါ်ဝင်းဝင်းခိုင်အား အကျိုးခံစားခွင့် ငွေကျပ် ၆,၉၀၀,၀၀၀/- (ကျပ်ခြောက်ဆယ့်ကိုးသိန်းတိတိ)ကို ၎င်းထံသို့ အလုပ်ဌာနတာဝန်ရှိသူများ၊ အလုပ်သမားရေးရာညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ဝင်များ၊ မိသားစုဝင်များရှေ့မှောက်တွင် ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း