မုဒုံ မတ် ၂၅
မွန်ပြည်နယ် မုဒုံမြို့တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ၏ ၁၂၀ ပြည့်နှစ် အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၁) ကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၃၇) ဦးက “လူသားနှင့်မင်္ဂလာတရားတော်” ခေါင်းစဥ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး မြို့နယ်ပညာရေးမှူးရုံးမှ ကြီးကြပ်၍ မြို့နယ်ပညာရေးမှူး ဦးမင်းဋ္ဌေးဦး၊ မြို့နယ် (YMBA) အသင်းဥက္ကဋ္ဌ ဦးလင်းခိုင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)