မြို့သစ် မတ် ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်ဆေးပေးခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့သစ်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံဝင်းအတွင်း “သံဃာတော်များ ဆေးကုသဆောင်”၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးကုသပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီးနှင့်အတူ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား စာရင်းရေးသွင်းပြီး ကိုယ်အလေးချိန်နှင့် အရပ်ပေတိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချို၊သွေးချိုစစ်ဆေးပေးခြင်း၊ ECG စစ်ဆေးပေးခြင်းတို့ကို စစ်ဆေးဆောင်ရွက်ပေးပြီး လိုအပ်သည့်ဆေးဝါးများအား (အခမဲ့)ထုတ်ပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)