ရန်ကုန် မတ် ၂၅
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဝင်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် အလွမ်းဆွတ်ကျေးရွာရှိ မိဘဂုဏ်ရည်အထည်ချုပ်စက်ရုံအား မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် စက်ရုံအတွင်း မီးလောင်မှု၊မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး မီးသတ်ဆေးဘူးများထားရှိမှု၊ တပ်ဆင် ထားသော မီးသတ်ပစ္စည်းကိရိယာများ အသင့်အသုံးပြုနိုင်ရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းများကို စက်ရုံရှိတာဝန်ရှိသူများအား ရှင်းလင်းဆွေးနွေးမှာကြားသည်။
ဖြိုးသီဟ(သန်လျင်)