ရွှေပြည်သာမြို့နယ်၌ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲအဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ရွှေပြည်သာ    မတ်   ၂၅

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ထမ်းဆောင်ခဲ့သော မြို့နယ်ရွေးကောက်ပွဲအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာရွေးကောက်ပွဲအဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမြင့်ဦးက  အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မုဒိတာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက မြို့နယ်ရွေးကောက်ပွဲအဖွဲ့ဝင်များအားလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲအဖွဲ့ဝင်များ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်းသိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)