ရန်ကုန် မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ကွန်ပျူတာဝါသနာရှင်အသင်း၏ မိတ်ဖက်အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်းမှ ကြီးမှူးဖွင့်လှစ်သော ၂ဝ၂၆ ခုနှစ်၊ နွေရာသီအခမဲ့သင်တန်းများဖြစ်သည့် Junoir Creative Coding For Kids (Batch 1, Batch 2) 4 Al And Media Literacy For Kids (Batch 1, Batch 2)တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် MICT Park Main Building, Conference Hall ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဦက မုဒိတာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်းဥက္ကဋ္ဌ ဦးဌေးလင်းက နွေရာသီအခမဲ့သင်တန်း သင်တန်းဆင်း အမှာစကား ပြေကြားကာ ပံ့ပိုးကူညီသူများ၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင် အသင်း၊ အသင်းဝင် လူငယ်များက တေးသီချင်းသီဆိုခြင်း၊ သိုင်းစွမ်းရည်ပြသခြင်းတို့ဖြင့် တင်ဆက်ဖျော်ဖြေကြသည်။
ယင်းနောက် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Moon ကိုယ်ပိုင်ကျောင်း၊ "EDU SPECTRUM INTERNATIONAL SCHOOL ၊EDU SPECTRUM PRIVATE SCHOOL" ပညာနန်းတော် ကိုယ်ပိုင်ကျောင်း၊ အောင်ကောင်းစံ ကိုယ်ပိုင်ကျောင်း၊Majestic (MA) Private High School၊ Majestic Dynasty Private Middle School၊Thiha ကိုယ်ပိုင်ကျောင်း၊ MOEကိုယ်ပိုင်ကျောင်း တိုးတက်အောင်ကိုယ်ပိုင်ကျောင်း၊ ဒဂုံကိုယ်ပိုင်ကျောင်း၊ ပညာရွှေပြည်ကိုယ်ပိုင်ကျောင်း၊ မြန်မာ့ပညာရေးအောင်မြေ ကိုယ်ပိုင်ကျောင်းတို့နှင့် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးကြသည်။
ထိုနောက် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်းဝင်များကိုယ်စား အသင်းသားတစ်ဦးမှ အသင်းဝင်ကတ်ပြား ပေးအပ်ခြင်း၊ နွေရာသီအခမဲ့သင်တန်းများဖြစ်သည့် Junoir Creative Coding For Kids (Batch 1,Batch 2) သင်တန်းသူ/သားများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း၊ နွေရာသီအခမဲ့သင်တန်းများဖြစ်သည့် Al And Media Literacy For Kids (Batch 1,Batch 2) သင်တန်းသူ/သားများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး သင်တန်းဆင်းအသင်းဝင်များကိုယ်စား အသင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)