ကမာရွတ် မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန ကမာရွတ်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (Central Equiment Identity Register-CEIR) အကြောင်း ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် ကမာရွတ်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင် ကျင်းပခဲ့ပါသည်။
အဆိုပါရှင်းလင်းပွဲတွင် ကမာရွတ်မြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသော်မှ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (Central Equiment Identity Register-CEIR) ဆိုင်ရာနှင့်ပတ်သက်ပြီး လုပ်ငန်းရှင်ပြည်သူများ ပိုမိုသိရှိစေရေး အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းကြကာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)