ဂန့်ဂေါ မတ် ၂၅
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် တစ်လငွေကျပ်(၂၀၀၀၀/-)နှုန်းဖြင့် ၂၀၂၅ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွက် (၃)လစာ ထောက်ပံ့ငွေကျပ် (၆၀၀၀၀/-)ကျပ် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ဦးစွာ ဂန့်ဂေါမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူ (၇၄၉)ဦးအတွက် တစ်ဦးလျှင် တစ်လ(၂၀၀၀၀/-) နှုန်းဖြင့် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွက် (၃)လစာ ငွေကျပ်(၆၀၀၀၀/-)နှုန်းစီဖြင့် စုစုပေါင်းငွေကျပ် (၄၄,၉၄၀,၀၀၀/-)ကို ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ ဂန့်ဂေါမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြပြီး ထောက်ပံ့ငွေများ ထုတ်ယူရန်ကျန်ရှိသူများအားလည်း နောက်ရက်များတွင် ဆက်လက်၍ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မျိုးမင်း