ဒလမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်အကြောင်း ရှင်းလင်းဆွေးနွေး

ဒလ မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ဒလမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ပြုလုပ်သည်။

ဦးစွာ ဒလမြို့နယ်အခွန်ဦးစီးဌာနမှူး ဦးခင်မောင်စိုးက ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်ဆိုင်ရာနှင့် ပတ်သက်သော အသိပညာများအား အခွန်ထမ်းပြည်သူများကို ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့်လုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)