တွံတေး မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး (MHPSS) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို မတ်လ ၂၄ ရက်နေ့နံနက် ၉ နာရီက အ.ထ.က (၁) ယုဇနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပညာရေးမှူး တာဝန်ခံဆရာကြီး ဦးနန်းဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဆင့်ပွားသင်တန်းကို ဆက်လက်ပြုလုပ်ရာ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျန်းမာပျော်ရွှင်မှု စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်ဖိစီးမှု စိတ်ပိုင်းဆိုင်ရာနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးခြင်း ဘာသာရပ်ကိုလည်းကောင်း၊ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ စိတ်ပိုင်းဆိုင်ရာ ကနဦးကူညီစောင့်ရှောက်မှု (PFA) မိတ်ဆက်ပံ့ပိုးလုပ်ဆောင်ခြင်း ဘာသာရပ်ကိုလည်းကောင်း၊ ညနေ ၃ နာရီ ၃၀ မှ ၅ နာရီအထိ သက်ဆိုင်ရာသို့ ညွှန်းပို့ပေးခြင်းနှင့် ညွှန်းပို့ပေးနိုင်သည့်လမ်းကြောင်းများ တစ်နေ့တာအနှစ်ချုပ်ခြင်း ဘာသာရပ်များကို သင်တန်းနည်းပြများက သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆင့်ပွားသင်တန်းကို အ.ထ.က(၁)ကျောင်းတွင် သင်တန်းနည်းပြ (၂၁)ဦးက အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ သင်တန်းသား၊ သင်တန်းသူ (၂၂၁)ဦးအား မတ်လ ၂၄ ရက်၊ ၂၆ ရက်၊ ၂၈ ရက်နေ့တို့တွင် သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)