ကျွန်းလှ မတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး စပါးအပြင် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်ကြရာ နှစ်ရှည်ပင်မျိုးစုံ ဧက ၂၇၀၀ ကျော် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ နှစ်ရှည်ပင်များအဖြစ် လျှော်ဖြူ၊ သရက်၊ နဂါးမောက်၊ ငှက်ပျော၊ မာလကာ၊ ရှောက်၊ သံပုရာ၊ ကွမ်းရွက်၊ ဆီးသီးနဲ့သစ်သီးပင်များ အများဆုံးစိုက်ပျိုးကြပါတယ်။ နှစ်ရှည်ပင်စိုက်ခင်းများအတွင်း သီးညှပ်စိုက်ပျိုးကြဖို့ တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
ကျွန်းလှမြို့နယ်တွင် နှစ်ရှည်ပင်စိုက်ပျိုးမှုအဖြစ် ပရဆေး ၅၈၅ ဧက၊ လျှော်ဖြူ ၅၈၄ ဧက၊ ထန်း ၂၀ ဧက၊ အုန်း ၂၃၃ ဧက၊ ငှက်ပျော ၂၀၆ ဧက၊ ကွမ်းသီး ၁၃ ဧက၊ ကွမ်းရွက် ၅၄ ဧက၊ သစ်သီးပင် ၈၈၁ ဧက၊ ကြယ်ပဲ ၁ ဧက၊ အခြားမစားသုံးပင် ၁၄၂ ဧက စုစုပေါင်း ၂၇၁၉ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)