ကန့်ဘလူ မတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင်(Youth Club)တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် အတွဲ(၅၀)၊ အမှတ်( ၁၂)မှ ဆရာမောင်ဒီပ(ပညာရေး) ရေားသားသည့် “လူမိုက်ကို ရှောင်လို့ရနိုင်ပါသလား” ဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကို မတ် ၂၄ ရက်နံနက်က ကန့်ဘလူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဇင်က စာဖတ်ဝိုင်းပြုလုပ်သည့် ရည်ရွယ်ချက်ကို ရှင်းလင်ပြောကြားပြီး Youth Club အဖွဲ့မှ စာပေဝါသနာရှင်များက ဆောင်းပါးမှ မကောင်းသည့်အကြံကို ကြံစည်သူ၊ မကောင်းသည့် စကားကို ပြောသူ၊ မကောင်းသည့်အလုပ်ကို လုပ်သူသည် လူမိုက်ဖြစ်ကြောင်း၊ ဥစ္စာ၊ ပညာ၊ ရာထူး၊ ဂုဏ်သိန်တို့နှင့် ဖုံးကွယ်ထားသည့် လူမိုက်များကိုသိနိုင်ရန် ခဲယဥ်းကြောင်းနှင့် လူမိုက်နှင့် အတူယှဥ်တွဲနေထိုင်ရပါက သတိကြီးစွာထားရ မည်ဖြစ်ကြောင်းစသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသော စာပေဝါသနာရှင်များက အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးခြင်းဖြင့် လူငယ်များအနေဖြင့် စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ အစုအဖွဲ့ဖြင့်ပါဝင် ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)