စလင်းမြို့နယ်တွင် စိတ်ကျန်းမာရေးနှင့် လူမှုအထောက်အပံ့ပေးရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

စလင်း မတ် ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်၌ စိတ်ကျန်းမာရေးနှင့်လူမှုအထောက်အပံ့ပေးရေးဆိုင်ရာ ဆွေးနွေးပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မတ်လ ၂၄ ရက်မှ စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ စလင်းမြို့နယ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးနှင့် တာဝန်ခံဆရာ၊ ဆရာမများ တက်ရောက်ဆွေးနွေးသည်။

ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဦးဇော်နိုင်က အနီးကပ်ကြီးကြပ်၍ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ထွန်းနှင့် သင်တန်းနည်းပြ ၆ ဦးဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလ မတ် ၂၄၊ မတ် ၂၆၊ မတ် ၂၈ ရက်နေ့အထိ တစ်ရက်ခြားပို့ချမည်ဖြစ်ရာ သင်တန်းသား/သူ ၁၃၄ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)