လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) အကြောင်း ရှင်းလင်းပောာပြောပွဲကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အခွန်ထမ်းပြည်သူများအား မတ် ၂၅ ရက်နေ့ နံနက် ၁၀ နာရီ၌ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

ဦးစွာ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အခွန်ဦးစီးဌာနမှူး ဒေါ်ဝင်းမာလာက ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) သည် မိုဘိုင်းဖုန်းနှင့်ဆက်စပ်စက်ပစ္စည်းများ၏ IMEI နံပါတ်များကို မှတ်တမ်းတင်ထားသည့် စနစ်ဖြစ်ပြီး မိုဘိုင်းဖုန်းအသုံးပြုခြင်းကို ကာကွယ်ထိန်းချုပ်ရန်ရည်ရွယ်၍ ဆောင်ရွက်ထားသော စနစ်ဖြစ်ကြောင်းကို အခွန်ထမ်းပြည်သူများအား ရှင်းလင်းဟောပြောသည်။

ထို့နောက် အခွန်ဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသည့် အခွန်ထမ်းပြည်သူများ၊ လုပ်ငန်းရှင်များအား သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားကြောင်း သိရသည်။

ခင်၀င်းမူ (ပြန်/ဆက်)