မကွေး မတ် ၂၇
ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထနှောင်းရင်ခွင်ပရဟိတအသင်းတို့ပူးပေါင်း၍ အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်၌ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်ဆင်းပွဲတွင် ထနှောင်းရင်ခွင်ပရဟိတအသင်းမှ သင်တန်းပို့ချပေးခဲ့သော ဆရာများက သင်တန်းမှ ပို့ချသင်ကြားပေးထားသည့် သင်ခန်းစာများကို အကျိုးရှိရှိအသုံးပြုစေချင်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာများသင်ကြားရာတွင် များစွာအထောက်အကူပြုသည့်အတွက် ဆက်လက်လေ့ကျင့်သွားကြစေလိုကြောင်း ပြောကြားသည်။
ကျောင်းသား၊ကျောင်းသူ ကလေးငယ်များ နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိသုံးစွဲနိုင်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အင်္ဂလိပ်စာအခြေခံကိုသိရှိနားလည်ပြီး ဆက်လက်လေ့လာသင်ယူတတ်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)တွင် အခမဲ့အခြေခံအင်္ဂလိပ်စာသင်တန်းကို ရက်သတ္တပတ်(၃)ပတ်ကြာ သင်ကြားပို့ချခဲ့ပြီး သင်တန်းသား/သင်တန်းသူ (၅၇) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)