ပခုက္ကူ မတ် ၂၇ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၆ ခုနှစ် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် (၁၀)နာရီက ကွင်းဆင်းဖြန့်ဝေကြသည်။ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနဝန်ထမ်းများ စုပေါင်း၍ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ၊ မြို့မဈေးကြီးရှိ ဈေးရောင်းဈေးဝယ်များ၊ လူစည်ကားရာလမ်းမကြီးနှင့် လမ်းဆုံလမ်းခွနေရာများရှိ ခရီးသွားလာပြည်သူများထံ ၂၀၂၆ ခုနှစ် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။ ဘာမီသာ(ပခုက္ကူ) မကွေးတိုင်းဒေသကြီး အမြို့မြို့အနယ်နယ်သတင်းများ