ချောက်မြို့၌ ပါဠိပထမပြန်စာ​မေးပွဲတွင် ​အောင်မြင်​သော သံဃာတော်များနှင့် သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ

ချောက် မတ် ၂၇

မ​ကွေးတိုင်း​ဒေသကြီး​၊ ချောက်ခရိုင်၊ ချောက်မြို့တွင် ပါဠိပထမပြန်စာ​မေးပွဲတွင် ​အောင်မြင်​သော သံဃာ​တော်များနှင့် သီလရှင်များအား ဂုဏ်ပြုပူ​ဇော်ပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက အမှတ်(၁၁)ရပ်ကွက် သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို န​မောတဿ (၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်၍ တိုင်းသံဃနာယကအဖွဲ့ဝင် ဆရာ​တော် ဘဒ္ဒန္တတိက္ခသာရထံမှ ငါးပါးသီလခံယူပြီး ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင်မှ သာသနာရေးဆိုင်ရာများ လျောက်ထားခဲ့သည်။

ထိုနောက် ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်​ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက ပင့်သံဃာ (၁၈)ပါးကို အလှူငွေဆက်ကပ်လှူဒါန်းခဲ့သည်။  ဆက်လက်၍ ပါဠိပထမပြန်စာ​မေးပွဲတွင် ​အောင်မြင်​သော သံဃာ​တော်များနှင့် သီလရှင်များအား ဂုဏ်ပြုအောင်လက်မှတ်နှင့်​ အောင်ဆု​အလှူငွေများကို ပေးအပ်လှူဒါန်းရာ ပထမငယ်တန်းတွင် တစ်ပါး​လျင် ငွေကျပ် (၁၅၉၀၈၀)နှုန်းဖြင့် သံဃာ (၂)ပါး၊ သီလရှင် (၂)ပါး၊ အ​ခြေပြုမူလတန်းတွင် တစ်ပါး​လျင် ငွေကျပ် (၁၁၃၀၆၀)နှုန်းဖြင့် သံဃာ (၈)ပါး ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာ​တော် ဘဒ္ဒန္တကေသဝအရှင်သူမြတ်မှ​ ရေစက်သွန်းချ အနု​မောဒနာတရား​ချီးမြှင့်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်​ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်အသီးသီးတို့က သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဆွမ်းဆန်စိမ်း၊ ဝတ္ထုငွေနှင့် ခေါက်ဆွဲခြောက်ထုပ်များကို လောင်းလှူခဲ့​ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)