ဟုမ္မလင်းမြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဟုမ္မလင်း မတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ ၂၀၂၆ ခုနှစ် မတ်လ  ၂၇ ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့မစည်ပင်သာယာစျေး၊ လူစည်ကားရာနေရာများနှင့် ဌာနဆိုင်ရာရုံးများ၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်၌ (၈၁)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ ခိုင်ကျည်ရဲဝံ့စွန့်စားသည့် သန္နိဌာန်စိတ်ထားဖြင့် ထာဝစဉ်ရှင်သန်ရပ်တည်၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်သည် အမျိုးသား‌ရေးကို ဘယ်တော့မှသစ္စာမဖေါက်၊ မဆုတ်မနစ်တဲ့ဇွဲလုံးလနဲ့ ကျေပွန်အောင်ထမ်းဆောင်၊ အားသစ်စေကြောင်းပြည့်သားကောင်း၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်စသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)