မုံရွာ မတ် ၂၇
(၈၁)နှစ်မြောက်၊ တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး /ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ စုပေါင်းသွေး လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၄) တပ်မတော်ဆေးရုံ ခုတင်(၃၀၀)ဆံ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ရာ သွေးလှူဒါန်းပွဲအခမ်းအနားသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို၊ တပ်မတော်အရာရှိကြီးများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူး၊ တိုင်းအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်း စေတနာရှင် သွေးအလှူရှင် (၃၇) ဦးမှ စုပေါင်းသွေးလှူဒါန်းနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး အဟာရဖြည့်စား သောက်ဖွယ်ရာများအား တာဝန်ရှိသူများနှင့်အတူ လိုက်လံပေးအပ်ခဲ့ကြပြီး အားပေးစကားများ ပြောကြားခဲ့ကြသည်။
ယင်းနောက် တိုင်းမှူး၊ တိုင်းအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများသည် အဆိုပါဆေးရုံကြီး ဆေးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံအားပေးစကားများပြောကြားခဲ့ကြပြီး အဟာရဖြည့်စားသောက်ဖွယ်ရာများအား လိုက်လံပေးအပ်ခဲ့ကြပြီး ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ပြန်/ဆက်။