(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေး မတ် ၂၇

(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို မကွေးတိုင်းဒေသကြီးတွင် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်များ ချီးမြှင့်ခြင်းအခမ်းအနားကျင်းပသည့် မြို့တော်ခန်းမသို့ ယနေ့နံနက် (၈:၃၀)အချိန်က သွားရောက်ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်တွင် ခိုင်ကျည်ရဲဝံ့စွန့်စားသည့် သန္နိဋ္ဌာန်စိတ်ထားဖြင့် ထာဝစဉ်ရှင်သန်ရပ်တည်၊ (၈၁)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏စွမ်းရည်သုံးရပ်ဖြစ်သည့် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်၊  မဆုတ်မနစ်တဲ့ဇွဲလုံ့လနဲ့ ကျေပွန်အောင်ထမ်းဆောင်၊ (နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ  သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ၂၇-၃-၂၀၂၅ ရက်နေ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်)၊ ကဗျာဆရာဇော်မင်းမင်းဦး ရေးသားသည့် “အားသစ်စေကြောင်း ပြည့်သားကောင်း” ကဗျာနှင့် ကာတွန်းများဖြင့် အရောင်အသွေးစုံလင်စွာပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်များကို တက်ရောက်လာသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများအား အခမဲ့သွားရောက် ဖြန့်ဝေပေးခဲ့ကြသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)