လသာမြို့နယ်တွင် ပုံမှန်တိုးချဲ့ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်

လသာ မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အပတ်စဉ် ကြာသာပတေးနေ့တိုင်း ဆောင်ရွက်လျက်ရှိသော ပုံမှန်တိုးချဲ့ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိခင်နှင့်ကလေးကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုအတွက် အရေးကြီးသည့် ကာကွယ်ဆေးများကို သတ်မှတ်အချိန်ဇယားနှင့်အညီ ထိုးနှံပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများမှ လာရောက်ဆေးထိုးနှံသူများအား ကျန်းမာရေးအသိပညာပေးခြင်းများကိုလည်း တွဲဖက်ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကောင်းမွန်ရေးအတွက် အပတ်စဉ် ပုံမှန်တိုးချဲ့ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေလင်း(ပြန်/ဆက်)