သင်္ဃန်းကျွန်းမြိုနယ် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် မိုးလုံလေလုံအားကစားရုံ၌ MYANMAR SEPAKTAKRAW LEAGUE 2026 ပြိုင်ပွဲများ စတင်ကျင်းပ

သင်္ဃန်းကျွန်း မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏအားကစားရုံ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် မိုးလုံလေလုံအားကစားရုံ၌ (အမျိုးသား၊ အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲများအား ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အားကစားပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်ချုပ် ဦးငွေသိန်းက ဒိုင်လူကြီးများအား အားကစားပြိုင်ပွဲများ အနိုင်၊ အရှုံး သတ်မှတ်ရာတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားကြရန်မှာကြားပြီး ပြိုင်ပွဲများစတင်ကျင်းပသည်။ ပထမပွဲစဥ် (အမျိုးသမီး) တွင် (YRG Vs ADARKHORSE) အသင်းနှင့် (အမျိုးသား) ပွဲစဥ်တွင် (USL Vs CK) အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြသည်။ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲများအား အသင်းပေါင်း (၁၅) သင်းဖြင့် ပွဲစဥ်ပေါင်း (၁၀၀) ယှဥ်ပြိုင်ကစားကြပြီး ဗိုလ်လုပွဲစဥ်အား ဧပြီလ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု SKYNET ကုမ္ပဏီမှ ကိုသစ္စာက ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်မိုး