တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပ

တိုက်ကြီး မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ အောင်သင်းရေးသားသည့် ကိုယ်ကျင့်နဲ့ပညာ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာပေမှရရှိလာသည့် အကျိုးကျေးဇူးများကို ပြန်လည်မျှဝေတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မျိုးဆက်သစ်လူငယ်များ ကိုယ်ကျင့်တရားကောင်းမွန်စေရန်၊ ကောင်းမွန်သည့် ကိုယ်ကျင့်တရားရရှိစေရန် အသိပညာဖြင့် မွေးမြူကြရန် ဦးဆောင်ဆွေးနွေးသည်။

ထို့နောက် Book Club အဖွဲ့ဝင် မောင်ဇေယျာလင်းထက်နှင့် မနေခြည်လင်းလင်းတို့က ကိုယ်ကျင့်တရားနဲ့ ဥစ္စာဓနကြွယ်ဝချမ်းသာမှုယှဉ်လာလျှင် မည်သည့်အရာကို ရွေးချယ်သင့်ပုံ၊ နိုင်ငံသာယာဝပြောမှုနှင့် ဂုဏ်သိက္ခာအတွက် လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်နှင့်ပညာကို မဖြစ်မနေ တည်ဆောက်ရန် လိုအပ်ပုံတို့ကို ပြန်လည်မျှဝေဆွေးနွေးခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်စာစောင်များကို ပြသခဲ့ရာ Book Club အဖွဲ့ဝင်များက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)