လှိုင်သာယာ (နောက်ပိုင်း) မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟော‌ပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသ

လှိုင်သာယာ (အနောက်) မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ မြို့နယ်အတွင်း မီးလောင်မှု/ မီးလန့်မှုများမဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြသခြင်းများဆောင်ရွက်ခြင်းကို မတ် ၂၆ ရက်နေ့ နံနက်ပိုင်းက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် စုပေါင်းရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးတွင်ပြုလုပ်သည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုနည်းအား ရှင်းလင်းပြောကြားခြင်းနှင့် ဝန်ထမ်းများအား လက်တွေ့မီးငြှိမ်းသတ်နည်းများ သရုပ်ပြဆောင်ရွက်ကြသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်းဦးက မိမိဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဆွေး‌‌နွေးဟောပြောသည်။

ယင်းနောက် သက်ဆိုင်ရာမီးသတ်ဦးစီးဌာနနှင့်ညှိနှိုင်း၍ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)