မင်းဘူး မတ် ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းတို့ကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ထိုသင်တန်းများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကာ နွေရာသီအားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာရေးခြင်း၊ စာဖတ်ခြင်းများနှင့် စာကျက်ခြင်းများအပြင် မိမိတို့ ဝါသနာပါသည့် အသိပညာ၊ အတတ်ပညာများဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊ ယဉ်ကျေးလိမ္မာသင်တန်းကို့ ဆရာမ ဒေါ်မိုးဆွေကလည်းကောင်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းကို အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ဟူ၍ နှစ်မျိုးခွဲသင်ကြားပြီး ဆရာမ ဒေါ်မြမြမျိုးသူနှင့် ဆရာမ ဒေါ်အိအိသန့်တို့က သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းမများမှ ယဉ်ကျေးလိမ္မာသင်တန်းကို မတ်လ (၂၅) ရက်မှ ဧပြီ (၃၀) ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးဖြင့်လည်းကောင်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းအတွက် မတ်လ (၂၇) ရက်မှ ဧပြီ (၃၀) ရက်အထိ မူလတန်းနှင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးဖြင့်လည်းကောင်း စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၆၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)