ကျိုက်ထို မတ် ၂၈
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် “စုံ” ရက် “မ” ရက် ခွဲခြား၍ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ မောင်းနှင်စေခြင်း ထုတ်ပြန်ကြေညာချက်အား ပြည်သူများမှ လိုက်နာဆောင်ရွက်နိုင်စေရန် ကွင်းဆင်းစစ်ဆေးကို ယမန်နေ့မွန်းလွဲပိုင်းက တောင်သူ စုရပ်ကွက်၊ ပြည်သူ့ဈေးရှေ့လမ်းစုံ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုမြို့နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်မှ ကြီးကြပ်ကွပ်ကဲ၍ “စုံ” ရက် “မ” ရက် ခွဲခြားပြီး မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ မောင်းနှင်စေခြင်းထုတ်ပြန် ကြေညာချက်အားပြည်သူများမှ လိုက်နာဆောင်ရွက်ခြင်းဖြင့် စက်သုံးဆီသုံးစွဲမှုအား လျှော့ချနိုင်မည့်အပြင် ယာဉ်ကြောကြပ်တည်းခြင်းနှင့် လေထုညစ်ညမ်းမှုအား လျော့ချနိုင်ရေး အတွက် “ထက်”စက်သုံးဆီအရောင်းဆိုင်၊ချောစုစက်သုံးဆီအရောင်းဆိုင်၊ “တော်၀င်”စက်သုံးဆီ အရောင်းဆိုင်တို့တွင် ညွှန်ကြားချက်နှင့်အညီ စက်သုံးဆီရောင်းချပေးနေမှုမွန်ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာထိန်းသိမ်းကြီးကြပ်မှုကော်မတီ၏ ကြေညာချက်ဗွီနှိုင်းကပ်အသိပေးထားမှုများအား စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြိုနယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)