ပေါင်မြို့နယ်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပေါင်  မတ် ၂၈

မွန်ပြည်နယ်ပေါင်မြို့နယ်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်က ယခုနှစ်တွင်လမ်းလျှောက်သင်္ကြန်ကို စည်ကားစွာကျင်းပနိုင်ရေးအတွက်‌ ဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာများကလဲပါဝင်ဆင်နွှဲကြ‌ရန်၊ စတုဒီသာများလဲကျွေးမွေးရန်ဆွေး နွေးပြောကြားခဲ့ သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမြတ်ကိုကိုက ရေရရှိရေးအတွက်ဆောင်ရွက်မည့်နည်းလမ်းများနှင့် တက်ရောက်လာကြသည့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက သိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးထင်လင်အောင်နှင့်အဖွဲ့ဝင်များက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)