မင်းဘူး(စကု)မြို့နယ်၌ စက်ရုံအလုပ်ရုံလုပ်ငန်းများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေး

မင်းဘူး မတ် ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ပွင့်လင်းရာသီ ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကစက်ရုံ အလုပ်ရုံလုပ်ငန်းများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းနှင့် မြို့နယ်မီးသတ်ဦးစီးမှုး ဦးကိုကိုဝေဟိန်းတို့ ဦးဆောင်၍ ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ဓာတ်အားပေးစက်ရုံ(တာဘိုင်)၊ မေသန့်ရေသန့်စက်ရုံ၊ မန်းသီတာကွန်ကရစ်ကျောက်တိုင် ထုတ်လုပ်ရေးစက်ရုံ၊ အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံနှင့် ရေနံဓာတ်ငွေ့ရည်ဆိုင်တို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး အသိပညာပေး ဆောင်ရွက်ခြင်းနှင့် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာန၏ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများ အရန်သင့်ကြိုတင်ပြင်ဆင်ထားရှိရေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)