ပေါက်ခေါင်းမြို့နယ်၌ ပေါ်ဆန်းမွှေးစပါးမျိုးများဖြစ်သည့် ရေဆင်းပေါ်ဆန်း (၁)၊ (၂) စပါးမျိုးများ စိုက်ပျိုးထားရှိ

ပေါက်ခေါင်း   မတ်  ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရာတွင် အရည်အသွေးမြင့် ပေါ်ဆန်းမွှေးမျိုးများ လုံလောက်စွာရရှိစေရန်ရည်ရွယ်၍ ရေဆင်းပေါ်ဆန်း (၁) နှင့် ရေဆင်းပေါ်ဆန်း (၂) စပါးမျိုးများအား မျိုးစေ့ထုတ်စိုက်ပျိုးခြင်းကို မြို့နယ်အတွင်း၌ ဆောင်ရွက်ထားကြောင်း ယမန်နေ့က သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် ရေဆင်းပေါ်ဆန်း (၁)စပါးမျိုးအား ဝက်တိုးအုပ်စု တောင်သူဦးခိုင်ထူး၏ လယ်တွင် (၀.၅၀) ဧက၊ မြို့မအုပ်စု တောင်သူဦးမင်းသူ၏ လယ်တွင် (၀.၅၀) ဧက စိုက်ပျိုးထားရှိပြီး ရေဆင်းပေါ်ဆန်း (၂) စပါးမျိုးအား ဝက်တိုးအုပ်စု တောင်သူဦးသိန်းဦး၏လယ်တွင် (၁) ဧက၊ ရပ်သစ်အုပ်စု တောင်သူဦးကျော်လွင်၏လယ်တွင် (၂) ဧက၊ ရပ်သစ်အုပ်စု တောင်သူဦးမြင့်ခိုင်၏လယ်တွင် (၂) ဧက စိုက်ပျိုးထားရှိကာ ရေဆင်းပေါ်ဆန်း (၁)  (၁)ဧကနှင့် ရေဆင်းပေါ်ဆန်း (၂)  (၅)ဧက စုစုပေါင်း(၆)ဧကကို မျိုးစေ့ထုတ်စိုက်ပျိုးထားရှိကြောင်း သိရသည်။

၎င်းမျိုးစေ့ထုတ်စိုက်ခင်းများမှ ရရှိသော ရေဆင်းပေါ်ဆန်း (၁) နှင့် (၂) စပါးမျိုးများအား လာမည့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးရာသီတွင် လျာထားစိုက်ပျိုးမည့် ရေဆင်းပေါ်ဆန်း(၁)၊ (၂၇) ဧက၊ ရေဆင်းပေါ်ဆန်း(၂)၊ (၂၈)ဧကနှင့် ပုသိမ်ပေါ်ဆန်းမွှေး (၁၄၀)ဧက စုစုပေါင်း(၁၉၅)ဧက တိုးချဲ့၍ ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးခြင်းအားဖြင့် ဒေသအတွင်း အရည်အသွေးမြင့် ​​​ပေါ်ဆန်း​မွှေးစပါးမျိုးစေ့များ လုံလောက်စွာရရှိနိုင်ရေးနှင့် ပြည်ပတင်ပို့နိုင်ရေးကို အထောက်အကူပြုစေမည်ဖြစ်ရာ ဒေသအတွင်း လယ်သမားများ၏ ဝင်ငွေတိုးတက်လာစေရန်လည်း အကျိုးပြုစေမည်ဖြစ်ကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)