မြို့သစ် မတ် ၂၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ်သား ရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ပြည်သူများ ဝယ်ယူစားသုံးနိုင်ရန်အတွက် အမဲသား၊ ဝက်သား၊ ဆိတ်သားဈေးနှုန်းများ သတ်မှတ်၍ အသားရောင်းချသည့် ဆိုင်နေရာများတွင် ဗီနိုင်းပိုစတာများဖြင့် ချိတ်ဆွဲထားရှိပြီး ဈေးတာဝန်ခံဝန်ထမ်းများက စဉ်ဆက်မပြတ် Hand Speaker ဖြင့် ကြေညာပေးလျက်ရှိပြီး ဒေသခံသူများသူများ အမဲသား၊ ဝက်သားနှင့် ဆိတ်သားများက သတ်သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူစားသုံးနိုင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံပြည်သူတို့ ကျန်းမာရေးနှင့်ညီညွတ်စေရန် မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်နေပြည်သူများ၏ စွန့်ပစ်ပစ္စည်းများအား အမှိုက်သိမ်းမော်တော်ယာဉ်ဖြင့် နေ့စဉ်သိမ်းဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)