တိုက်ကြီးမြို့နယ်၌ ရေရှားပါးသော ဒေသများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း

တိုက်ကြီး   မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ နွေရာသီတွင် သောက်သုံးရေ ရှားပါးသည့် ဒေသများသို့ မြို့နယ်မီးသတ်ဦးစီးဌာနက သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မလေးရှားဝိုင်ကျေးရွာအုပ်စု၊ လိပ်ကြည်ကျေးရွာ၊ ငြိမ်းချမ်းရေးလမ်းစဉ်တောရ ကျောင်းတိုက်သို့ သွားရောက်လှူဒါန်းသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက် ကြီးကြပ်မှူဖြင့်လက်ထောက် မီးသတ်ဦးစီးမှူး ဦးနေမျိုးထွန်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄ ဦးတို့က သောက်သုံးရေ လိုအပ်လျက်ရှိသည့် လိပ်ကြည်ကျေးရွာ၊ ငြိမ်းချမ်းရေးလမ်းစဉ်တောရ ကျောင်းတိုက်သို့ သောက်သုံးရေ ဂါလန် ၈၀၀ ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)