ကြို့ပင်ကောက် မတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို တိုက်ကျောင်းပါဠိတက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ရာ ဓမ္မာစရိယစာမေးပွဲ ဆဌမမြောက်နေ့ကို ယနေ့မွန်းလွဲ ၁၂ နာရီတွင် ဆက်လက် ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာမေးပွဲများကို မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဓမ္မာစရိယစာမေးပွဲ ဆဌမမြောက်နေ့ကို သံဃာတော် (၃၇) ပါးနှင့် သီလရှင် (၁၁) ပါး၊ စုစုပေါင်း (၄၈) ပါး ဝင်ရောက်ဖြေဆိုခဲ့သည်။
၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုသံဃာတော်၊ သာမဏေနှင့် သီလရှင်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒဆရာတော်များ၊ စာဖြေဌာနကြီးကြပ်ရေး ဆရာတော်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)