နတ်တလင်းမြို့နယ်၌ (၃၈) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

နတ်တလင်း မတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ (၃၈) ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များနှင် သီလရှင်များအား စာအောင်လက်မှတ်နှင့် ဆုများဆက်ကပ်အပ်နှင်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို မတ် ၂၈ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က နတ်တလင်းမြို့၊ ရွာမရပ်ကွက်၊ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာ​တော်နှင့် အဖွဲ့ဝင်ဆရာတော်များ၊ စာအောင်သံဃာနှင့် သီလရှင်များ၊ နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေ၊ နတ်တလင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး​ကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများတက်ရောက်ခဲ့ပြီး ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာသောပရိတ်သတ်များမှ နမောတဿ သုံးကြိမ် ရွတ်ဆိုကာ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နာယကဥက္ကဌ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် အကြီးတန်းအောင်သံဃာ (၃) ပါး၊ ပထမအလတ်တန်းအောင်သံဃာ (၁) ပါးနှင့် အခြေပြုမူလတန်းအောင် (၂) ပါးတို့အား စာအောင်လက်မှတ်များအား အသီးသီးဆက်ကပ် ချီးမြှင့်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချတရားနာကြားကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)