ကျောက်ကြီး မတ်၂၉
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ မတ် ၂၈ ရက် နံ နက် ၉ နာရီက တုံးကြီးကျေးရွာအုပ်စု၊ သံဘိုကျေးရွာတွင် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၏စီမံလမ်းညွှန်ချက်အရ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ပြီး နွားကျင်ငယ်ရည် အသုံးပြုရွက်ဖျန်းမြေသြဇာ ပြုလုပ်အသုံးပြုပုံ နည်းပညာပေးလုပ်ငန်းသရုပ်ပြပွဲ ဆောင်ရွက်သည်။
ထိုသို့ သရုပ်ပြရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်လွင်က ဌာနဝန်ထမ်းများ စိုက်ကွက်တာဝန်ခံများနှင့်အတူ တုံးကြီးကျေးရွာအုပ်စု၊ သံဘိုကျေးရွာရှိ တောင်သူဦးနိုင်ဦး စိုက်ပျိုးထားသည့် ဆောင်းမြေပဲစိုက်ခင်း (၃)ဧက တွင် နွားကျင်ငယ်ရည် အသုံးပြုရွက်ဖျန်းသဘာဝမြေသြဇာဖျော်စပ်ရန် နည်းလမ်းများအားရှင်းလင်းပြောကြားခဲ့ပြီး လက်တွေ့လုပ်ဆောင်၍ ပက်ဖျန်းသရုပ်ပြဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်မှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ကြည့်ရှုအားပေးခဲ့ကြပြီး တုံးကြီးကျေးရွာအုပ်စု၊ သံဘိုကျေးရွာရှိ ဒေသခံတောင်သူ(၃၀)ခန့် လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်