မော်လိုက်မြို့ တံတားဦးဘုန်းတာ်ကြီးကျောင်းတွင် သံဃာတော်များနှင့်‌ ‌သက်ကြီးဘိုးဘွားများ‌‌ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

မော်လိုက် မတ်လ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မ‌‌တီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် တံတားဦးဘုန်းတော်ကြီးကျောင်းတိုက်တွင် သံဃာတော်များနှင့် တံတားဦးရပ်ကွက်နှင့်‌ ညောင်ပင်သာရပ်ကွက်တို့ရှိ သက်ကြီးဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မတ် ၂၈ ရက်နေ့ နံနက် (၉) နာရီအချိန်က တံတားဦးဘုန်းတော်ကြီးကျောင်းတိုက်တွင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်ဆရာဝန်ကြီး ဒေါက်တာကျော်စိုးဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက သံဃာတော်များနှင့် သက်ကြီးဘိုးဘွားများအား သွေးပေါင်ချိန်ခြင်း၊ သွေးစစ်ခြင်း၊ ဆေးထိုးခြင်း၊ ဆေးပေးဝေခြင်းနှင့် ကျန်းမာရေးစမ်းသပ်ပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ ခရိုင်မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များက ပူးပေါင်း၍ ကျန်းမာရေး‌စောင့်ရှောက်ပေးနေမှုအား ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအာင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရတို့က ကြည့်ရှူအားပေးခဲ့ကြောင်း သိရသည်။

ကိုထက် (ပြန်/ဆက်)