ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကွန်ပျူတာ သင်ခန်းစာဆန်းစစ်ချက်များဖြေဆို

ဘားအံ  မတ် ၂၈

ကရင်ပြည်နယ် ဘားအံမြို့၌  နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေးနှင့် ကွန်ပျူတာနည်းပညာများကို အလွယ်တကူလေ့လာသင်ကြားနိုင်ရေးအတွက် အခြေခံကွန်ပျူတာသင်တန်း(၁/၂၀၂၆)ကို  မတ် ၁၀ ရက်မှ ဖွင့်လှစ်သင်ကြားခဲ့ရာ သင်ခန်းစာများဆန်းစစ်ချက်ဖြေဆိုပြိုင်ပွဲကို ယနေ့နံနက်၉နာရီက ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။

ကွန်ပျူတာဆန်းစစ်ချက်ဖြေဆိုပြိုင်ပွဲတွင် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)မှ တွဲဖက်ပါမောက္ခ ဒေါ်ပိုးအိဖြူ ဆန်းစစ်ချက်ဖြေဆိုပြိုင်ပွဲနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားပြီးနောက် သင်တန်းသား/ သင်တန်းသူ ၃၀ တို့က သင်တန်းကာလအတွင်း သင်ကြားခဲ့သော   Microsoft Office Word 2026 ၊ Microsoft Office Power Point 2026 ၊ Microsoft Office Excel ၊ Using Internet & Email စသည့် သင်ခန်းစာဆန်းစစ်ချက်များကို ဖြေဆိုခဲ့ကြောင်း သိရသည်။ အဆိုပါဆန်းစစ်ချက်ဖြေဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆု(၁)၊ အထူးဆု(၂) ရရှိသူများကို ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ သိရသည်။  

ခရိုင်(ပြန်/ဆက်)