တွံတေးမြို့နယ်တွင် (ဒုတိယ) အကြိမ်မြောက် နှစ်သစ်ကူး နှစ်ဦးတရားအလှူတော် ဓမ္မသဘင်ပွဲကျင်းပ

တွံတေး မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကျွန်းတောရပ်ကွက်နှင့် ကန်သာယာညောင်ဝိုင်း ရပ်ကွက်သူ/ ရပ်ကွက်သားမိသားစုများက ကြီးမှူးကျင်းပပြုလုပ်သည့် (ဒုတိယ) အကြိမ်မြောက် နှစ်သစ်ကူးနှစ်ဦးတရားအလှူတော်ဓမ္မသဘင်ပွဲကို မတ် ၂၈ ရက်နေ့ ည (၇) နာရီအချိန်မှစတင်၍ ကျွန်းတောရပ်ကွက်နှင့် ကန်သာယာညောင်ဝိုင်းလမ်းမကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်ကူးနှစ်ဦးဒါန အထူးတရားပွဲကို ကျွန်းတောရပ်ကွက်နှင့် ကန်သာယာညောင်ဝိုင်း လမ်းမကြီး မိသားစုများက မတ်လ ၂၈ ရက်နေ့ ညတွင် ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းအား ဆရာတော်များဖြစ်ကြသောဘ ညောင်းဝိုင်းကျောင်းတိုက်မှ သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဝိနယဇောတက ဝိသာရဒ (ပထမ) အရှင်ဣန္ဒက ဆရာတော် အရှင်သူမြတ်များက ဓမ္မမိတ်ဆွေအပေါင်းကို တရားရေအေးအမြိုက် ဆေးနိဗ္ဗာန်ရောက်ကြောင်း တရားတော်များကိုဟောကြားပြသပေးခဲ့ကာ ညစဥ်ညတိုင်း တရားနားကြွရောက်သော ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းအား ကျွန်းတောရပ်ကွက်နှင့် ကန်သာယာညောင်ဝိုင်းလမ်းမကြီး မိသားစုများက တရားနားကြွရောက်ကြသူများကို အာဟာရဒါနများနှင့် ဧည့်ခံကျွေးမွေးခြင်း၊ တရားနာဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းအား ညစဥ်တရားနာကြွရောက်မည့်သူများအား ဘုရားမဲများဖောက်ပေးခြင်း၊ တရားနာပရိတ်သတ်အပေါင်းကို မော်တော်ယာဥ်များဖြင့် ကြို / ပို့ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 မျိုးလှိုင် (တွံတေး)