သရက်မြို့နယ်တွင် အခြေခံပန်းချီသင်တန်း ဖွင့်လှစ်သင်ကြား

သရက် မတ် ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Centre လူထုအခြေပြုဗဟိုဌာနတွင် မတ်လ ၂၃ ရက်နေ့မှစတင်ပြီး နေ့စဉ်နံနက် ၈ နာရီအချိန်တွင် နွေရာသီအခြေခံပန်းချီသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

နွေရာသီကျောင်းပိတ်ရက်၌ လူငယ်များအချိန်ကို တန်ဖိုးရှိစွာအသုံးချပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးစေရန်၊ အရည်အချင်းမြင့်မားပြီး အတွေးအခေါ်မှန်ကန်၍ ဗလငါးတန်နှင့်ပြည်စုံကာ ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်းလူငယ်များပေါ်ထွက်စေရန်၊ အသိပညာ၊ အတတ်ပညာများ အခြေခံသိရှိနိုင်စေရန်ရည်ရွယ်ပြီး နွေရာသီကျောင်းပိတ်ရက်များ၌ နေ့စဉ် ကျောင်းသား၊ ကျောင်းသူ (၂၅) ဦးအား အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို နည်းပြ (၂) ဦးတို့က မတ်လ (၂၃) ရက်နေ့က စတင်ပြီး ဧပြီလ (၁၀) ရက်နေ့ထိ အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မောင်လုလင်(သရက်)