လှိုင်မြို့နယ်တွင် (၁၅) ကြိမ်မြောက် ဗုဒ္ဓစာပေဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

လှိုင် မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်ဗုဒ္ဓစာပေအဖွဲ့နှင့် မြို့နယ်ပညာရေးဌာန တို့ပူးပေါင်းကျင်းပသည့် (၁၅) ကြိမ်မြောက် ဗုဒ္ဓစာပေဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အောင်ချမ်းသာကျောင်းတိုက် မုဉ္စလိန္ဒာဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အောင်သိဒ္ဓိဆရာတော် အဂ္ဂမဟာဇောတိကဓဇ ဘဒ္ဒန္တတိက္ခာစာရဆရာ‌တော်ကြီး၊ အောင်ချမ်းသာဆရာတော် မဟာဇောတိကဓဇဘဒ္ဒန္တနာရဒဆရာ‌တော်ကြီးတို့က ဩဝါဒစကား မိန့်ကြားပြီး လှိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုး၊ လှိုင်မြို့နယ် ဗုဒ္ဓစာပေအဖွဲ့နာယက ဆရာမင်းဆက်ပိုင်နှင့်လှိုင်မြို့နယ်စာပေအဖွဲ့ဥက္ကဋ္ဌ ဦးသန်းကျော်တို့က အသီးသီး အမှာစကားပြောကြားခဲ့ကြသည်။

ဆက်လက်၍ ဗုဒ္ဓစာပေဆုရ ကျောင်းသား၊ ကျောင်းသူ (၅၈) ဦးနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း (၅) ဘာသာဂုဏ်ထူးရှင် (၂) ဦးတို့အား ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ကြီးများနှင့် ဧည့်သည်တော်များက ဆုများအသီးသီး ချီးမြှင့်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှိုင်မြို့နယ်ဗုဒ္ဓစာပေဆုချီးမြှင့်နိုင်ရန်အတွက် လှိုင်မြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၉) ကျောင်းတွင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၄၂၀) ဦးတို့က ယဉ်ကျေးလိမ္မာစာ‌မေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့‌ကြောင်း သိရသည်။

ဇော်ဇော်နိုင်(ပြန်/ဆက်)