အုတ်ဖိုမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပမည်

အုတ်ဖို မတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၇ - ၁၃၈၈ ခုနှစ်  မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မျိုးထံမှသိရသည်။

မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ယိမ်းအကများကို ဌာနဆိုင်ရာများမှ သက်ဆိုင်ရာနေရာများတွင် လေ့ကျင့်ဆောင်ရွက်လျှက်ရှိသည်။ မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုမဏ္ဍပ်ကို ကျောင်းကြီးတန်းရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်းရှိ မီးသတ်ကန်ပေါင်တွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့တော်ခန်းမရှေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အောင်သူ (အုတ်ဖို)