စေတုတ္တရာမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် သမဝါယမမွမ်းမံသင်တန်းဖွင့်လှစ်

စေတုတ္တရာ မတ် ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် မြို့နယ်သမဝါယမဦးစီးဌာနမှ အမှုဆောင်နှင့်အသင်းဝန်ထမ်းများအား သမဝါယမမွမ်းမံသင်တန်းကို မတ် (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ မြို့နယ်သမဝါယမဦီးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သမဝါယမမွမ်းမံသင်တန်းကို စေတုတ္တရာမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ကြည်အောင်၊ ဦးစီးမှူးများဖြစ်ကြသော ဦးခင်မောင်ရီ၊ ဒေါ်မိုင်ဇာဇာနေ၊ ဒေါ်အိသူစိုးတို့က သင်တန်းနည်းပြများအဖြင့် သင်တန်းပို့ချပေးခဲ့ပြီး၊ အခြေခံသမဝါယမအသင်း (၁၃) သင်းမှ သင်တန်းသား (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ဆန်းကိုကို (ပြန်/ဆက်)