ကွမ်းခြံကုန်း မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းတို့မှ ပူးပေါင်းကျင်းပသည့် တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ တောကျောင်းကျေးရွာ၊ အရှေ့ကျောင်းတိုက်တွင် မတ် ၂၇ ရက်နေ့က ကျင်းပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြိုနယ်၊ တောကျောင်းကျေးရွာ၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဦးပဏ္ဍိကအဖွင့်အမှာစကားပြောကြားပြီး၊ ဆက်လက်၍ တာဝန်ရှိသူများ ကရင်တိုင်းရင်းသားစာပေပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ ကရင်ရိုးရာဒုံအကတွင် ဆုရရှိသောဒုံယိမ်းအဖွဲ့အား ဆုချီးမြှင့်ခြင်း၊ ကရင်ရိုးရာရှေ့ထွက် (ရာတည) အဆိုပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် ကရင်ရိုးရာလက်မှုပညာပြိုင်ပွဲတွင် ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထိုနောက် အခမ်းအနားသို့တက်ရောက်လာသူများအား ကရင်ရိုးရာအကဖြင့် ကပြဖျော်ဖြေကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)