ကော့မှူးမြို့နယ်တွင် ၂၀၂၆ခုနှစ်ပါဠိပထမပြန်စာ‌မေးပွဲဖြေဆို

ကော့မှူး မတ် ၂၉

၂၀၂၆ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်စာဖြေဌာနဖြစ်သည့် ဘုရားလမ်းရပ်ကွက် မဟာဝိ‌ဇ္ဇာဒယကျောင်းတိုက်ဓမ္မာရုံ၌ ယနေ့ နံနက်၁၂နာရီက သံဃာတော်များနှင့်သီလရှင်များ အေးချမ်းစွာဖြေဆိုနေကြကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကျင်းပရာတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာ‌တော် ဘဒ္ဒန္တပညာ စက္က၊ ဘဒ္ဒန္တထေရာဝံသံရိပ်သာကျောင်း ကျိုက်ထော်ကျေးရွာ၊ ဘဒ္ဒန္တရေတတ(အကျိုးတော်ဆောင်) မြို့နယ်သံဃနာယကအဖွဲ့နှင့်ကြီးကြပ်ဆရာ‌တော်များက စာဖြေ‌နေမှု အခြေအနေများအားလှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥပဌာက ဥက္ကဋ္ဌ ဦးခင်ဇော်နှင့်အဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ် ရေးမှူးများက ဝေယျာဝစ္စလုပ်ငန်းများကို ကုသိုလ်ပြုဆောင်ရွက်ပေးကြကြောင်း သိရသည်။

ထိုသို့ပါဠိပထမပြန်စာ‌မေးပွဲဖြေဆိုရာတွင် စာရင်းရှိပထမကြီးတန်းသံဃာ(၁၈)ပါး၊ အကြီးတန်းသီလရှင်()ပါး၊ ပထမလတ်တန်း သံဃာ(၁၈)ပါး၊ ပထမငယ်တန်းသံဃာ(၃၂)ပါး၊ သီလရှင်()ပါး အခြေပြုမူလတန်း(၆၅)ပါးသီလရှင်()စုပေါင်း (၁၃၈)ပါးရှိပြီး ပထမကြီးတန်းဖြေဆို သံဃာ(၁၅)ပါး၊ သီလရှင်()ပါး၊ ပျက်ကွက်သံဃာ()ပါး၊ ပထမလတ်တန်းသံဃာ(၁၈)ပါး၊ ပထမငယ်တန်း ဖြေဆိုသံဃာ(၃၀)ပါး၊ သီလရှင်တစ်ပါး ပျက်ကွက်သံဃာ(၂)ပါး၊ အခြေပြုမူလတန်း‌ ဖြေဆိုသံဃာ (၅၂)ပါး၊ သီလရှင်()ပါး၊ ပျက်ကွက်သံဃာ(၁၃)ပါးသီလရှင်(၁)ပါးတို့ စုစုပေါင်းသံဃာနှင့် သီလရှင်(၁၁၉)ပါး ဖြေဆိုတော်မှုခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)