မင်းဘူးမြို့၌ အခြေခံပန်းချီသင်တန်း ဖွင့်လှစ်သင်ကြား

မင်းဘူး မတ် ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် ပန်းချီရေးဆွဲရာတွင် နည်းစနစ်ကျကျရေးဆွဲတတ်စေရန် ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲ နည်းသင်တန်းကို မတ် ၂၃ ရက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အခြေခံပန်းချီရေးဆွဲနည်းများကို စနစ်တကျရေးဆွဲတက်စေရန်၊ ငယ်ရွယ်စဥ်မှစ၍ အလေ့အကျင့်ကောင်းများရရှိကာ သင်ကြားပြသပေးမည့်အတတ် ပညာများကို စိတ်ဝင်စားစွာလေ့လာသင်ယူကြပြီး၊ ထူးချွန်ထက်မြက်သည့် ပန်းချီပညာရှင်များဖြစ်စေရန် ရည်ရွယ်သင်ကြားခဲ့သည်။ ထို့သို့သင်ကြားရာတွင် သင်တန်းနည်းပြဆရာ ဦးဝင်းချိုက အခြေခံပန်းချီရေးဆွဲနည်းဘာသာရပ်များဖြစ်သော အခြေခံမျဉ်းရေးဆွဲနည်း၊ အခြေခံစက်ဝိုင်းပုံရေးဆွဲနည်း၊ တိရစ္ဆာန်ပုံရေးဆွဲနည်း၊ လူမျက်နှာပုံရေးဆွဲနည်းနှင့် ရှုခင်းပုံရေးဆွဲနည်းများ သင်ကြားပို့ချပေးလျက်ရှိပြီး၊ ကျောင်းသား၊ ကျောင်သူ ၃၃ ဦးတို့အား မတ်လ ၂၃ ရက်မှ ဧပြီ ၃၀ ရက်အထိ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)