စလင်း မတ် ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက် အခြေခံအင်္ဂလိပ်စာနှင့်ယဥ် ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပတ္တမြားအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်ဆင်းပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်က ယဥ်ကျေးလိမ္မာနှင့် အင်္ဂလိပ်စာအခြေခံ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ် ချက်များကို၊ ရှင်းလင်းပြောကြားခဲ့ပြီး မတ်လ ၃ ရက်နေ့မှ ယနေ့မတ်လ ၃၀ ရက်နေ့အထိ သင်တန်းပို့ချပေးခဲ့သော သင်တန်းဆရာမများအား အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ယဥ်ကျေးလိမ္မာနှင့် အင်္ဂလိပ်စာအခြေခံသင်တန်းပို့ချခဲ့သော ဆရာမများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုထောက်ပံ့ပေးအပ်ခြင်း ယဥ်ကျေးလိမ္မာနှင့် အင်္ဂလိပ်စာအခြေခံသင်တန်းတို့တွင် ထူးချွန်ကျောင်းသား/ကျောင်းသူ(၆)ဦးတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့များက ဆုများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ သင်တန်းဆရာမ ဒေါ်အေးအေးခိုင်မှ ယဥ်ကျေးလိမ္မာနှင့် အခြေခံအင်္ဂလိပ်စာ သင်တန်းပို့ချသင်ကြားခွင့်ရရှိသည့်အတွက် အထူးကျေးဇူးတင် ဝမ်းမြောက်ကြောင်း၊ သင်တန်းမှ ပို့ချသင်ကြားပေးထားသည့်၊ သင်ခန်းစာများကို အကျိုးရှိရှိအသုံးပြုစေချင်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာများသင်ကြားရာတွင် များစွာအထောက်အကူပြုသည့်အတွက် ဆက်လက်လေ့ကျင့်သွားကြစေလိုကြောင်း ပြောကြားသည်။
ယဥ်ကျေးလိမ္မာနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းဆရာမများ ဆုရကျောင်းသား၊ ကျောင်းသူများ၊ အမျိုးသမီးရေးရာ အဖွဲ့များ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များနှင့် အမှတ်တရ၊ ဓာတ်ပုံရိုက်ကူးခဲ့ပြီး၊ အဆိုပါသင်တန်းများတွင် သင်တန်းသား၊ သင်တန်းသူ ၁၀၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)